ပြည်ထောင်စုရှေ့နေချုပ်သည် International Bridges to Justice မှ ဒါရိုက်တာဖြစ်သူ Mr. Martine Reik Witteveen အား လက်ခံတွေ့ဆုံ

နေပြည်တော်၊   စက်တင်ဘာ   ၅

          ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် International Bridges to Justice (IBJ)မှ ဒါရိုက်တာဖြစ်သူ Mr. Martine Reik Witteveen နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါ သည်။

          ထိုသို့တွေ့ဆုံရာတွင် တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှု လက်လှမ်းမီရေးနှင့် ဥပဒေ ဆိုင်ရာအထောက်အကူပေးရေးကိစ္စရပ်များ၊ တရားလို၊ တရားခံများအပေါ် ဥပဒေ နှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရေး ဆိုင်ရာကိစ္စရပ်များ၊ တရားမစွဲတင်မီ အဆင့်တွင် တရားခံမှ ဥပဒေဆိုင်ရာ အထောက်အကူရရှိရေး ကိစ္စများ၊ တရားဥပဒေစိုးမိုးရေး စင်တာနှင့် တရားမျှတမှု စင်တာများ၏ ဥပဒေအသိပညာ ပြန့်ပွားရေးနှင့် ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေး လုပ်ငန်းများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် IBJ တို့အကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ် နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာဦးတို့  တက်ရောက်ခဲ့ကြပါသည်။

                                                                                                  (သတင်းစဉ်)