နေပြည်တော်၊ အောက်တိုဘာ ၂၄


ဥတ္တရသီရိမြို့နယ် ဥပဒေရုံးသစ် ဖွင့်ပွဲအခမ်းအနားနှင့် ပုဗ္ဗသီရိမြို့နယ် ဥပဒေရုံးသစ်ဖွင့်ပွဲ အခမ်းအနားများကို ယနေ့ နံနက်ပိုင်းအချိန်တွင် အဆိုပါရုံးသစ်များ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ဆရာတော် သံဃာတော်များအား နံနက် အာရုဏ်ဆွမ်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အဆိုပါ အခမ်းအနားများသို့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
