လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်

ကော့ကရိတ်၊ ဩဂုတ်လ ၂၁ ရက်

(၂၁.၈.၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန် ကော့ကရိတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌  လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲနှင့် နံရံကပ်စာစောင်ဓါတ်ပုံပြသပွဲသို့ ကော့ကရိတ်ခရိုင်ဥပဒေရုံး၊ ဦးစီးအရာရှိ ဦးအောင်သီဟကျော် တက်ရောက်ပါဝင်ဆွေးနွေးခဲ့ရာ ခရိုင်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းရှိန်၊ အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်ကြူအေးတို့ ပါဝင် ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

(သတင်းစဉ်)