လှိုင်းဘွဲ့၊ ဩဂုတ်လ ၁၂ ရက်

(၁၂.၈.၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန် လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲနှင့် နံရံကပ်စာစောင်ဓါတ်ပုံပြသပွဲသို့ လှိုင်းဘွဲမြို့နယ်ဥပဒေရုံး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်နှင်းနှင်းဝင်း တက်ရောက်ပါဝင်ဆွေးနွေးခဲ့ရာ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးမှူး ဒေါ်ခင်စန်းမြင့်၊ လှိုင်းဘွဲမြို့နယ်ရဲစခန်းမှူး ဒုရဲမှူးအောင်ကျော်မိုးတို့ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
