နေပြည်တော်၊ အောက်တိုဘာ ၂၀

တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ဒုတိယအကြိမ် အစည်းအဝေး(၂/၂၀၂၀)ကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ရာ အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ကြပြီး တရားလွှတ်တော် ရှေ့နေများကောင်စီဥက္ကဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကား ပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုပါရန် လျှောက်ထား တင်ပြသူ ၁၅၆ ဦးအား စိစစ်အတည်ပြုခြင်း၊ တရားလွှတ်တော်ရှေ့နေ ၇ ဦးအပေါ် တိုင်ကြားမှု နှင့်စပ်လျဉ်း၍ တရားလွှတ်တော်ရှေ့နေများကောင်စီခုံရုံးဖြင့် စုံစမ်းစစ်ဆေးရန် ဆွေးနွေးခြင်း၊ စုံစမ်းစစ်ဆေးမည့် ခုံရုံးအဖွဲ့ဝင် အမည်စာရင်းအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပေးပို့ရန် အတည်ပြုခြင်းနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားလွှတ်တော်ရှေ့နေ ၃ ဦး အပေါ် အရေးယူရန် သဘောထားတောင်းသည့်ကိစ္စများကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ ၁၅:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ ပါသည်။
(သတင်းစဉ်)
