မြဝတီ၊ စက်တင်ဘာ ၂၈ ရက်

(၂၈.၉.၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန် မြ၀တီခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲတွင် မြ၀တီခရိုင်ဥပဒေရုံး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဦးချမ်းသာ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ရာ အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် မြ၀တီမှ ခေတ္တတပ်ဖွဲ့စိတ်မှူး ခင်မောင်ထွန်း၊ မြ၀တီခရိုင်ပြန်လည်ထူထောင်ရေးဦ:စီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဒေါ်ခင်နွယ်နွယ်ရီတို့ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
