နေပြည်တော် ဩဂုတ် ၂၂

သွင်းကုန်ပမာဏမြင့်တက်ခြင်းမှကာကွယ်ပေးမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့နံနက် နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းဆွေးနွေး
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန် ချက်နှင့်အညီ သွင်းကုန်ပမာဏမြင့်တက်ခြင်းမှကာကွယ်ပေးမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) အား အပြီးသတ် စိစစ်လေ့လာဆွေးနွေး၍ လတ်တလော ပြဋ္ဌာန်းရန် သင့်၊ မသင့် နှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းရာတွင် သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရန် လိုအပ်ချက်များကိုဖြည့်စွက်ရန် လိုအပ်ကြောင်း တွေ့ရသဖြင့် ပြင်ဆင်သည့်ဥပဒေကို လတ်တလော ပြဋ္ဌာန်းသင့်ကြောင်းနှင့် ပြင်ဆင် လိုသည့်ပုဒ်မများအား အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
