၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အထိမ်း အမှတ် ကျောင်းနေအရွယ် ကလေးအားလုံး  စဉ်ဆက်မပြတ်ပညာသင်ယူဖို့  ကျောင်းအပ်နှံကြပါစို့ လှုံ့ဆော်မြေစိုက် ပိုစ တာစိုက်ထူခြင်း အခမ်းအနားသို့  တက်ရောက်

ဘားအံမြို့၊ မေလ ၁၅ ရက်

၁၅. ၅ . ၂၀၂၅   ရက်နေ့    နံနက်(၇:၃၀)    နာရီအချိန်၌     အ.ထ.က(၃) ဘားအံကျောင်းရှေ့ တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် ကျောင်းနေအရွယ် ကလေးအားလုံး  စဉ်ဆက်မပြတ်ပညာသင်ယူဖို့  ကျောင်းအပ်နှံကြပါစို့ လှုံ့ဆော်မြေစိုက်ပိုစတာ စိုက်ထူခြင်း အခမ်းအနားသို့  ကရင်ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ ပြည်နယ် ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ်အဆင့်ဝန်ကြီးများ၊   ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)