
ဥပဒေရေးရာဝန်ကြီးဌာနကို အောက်ပါရုံးအဖွဲ့နှင့် ဦးစီးဌာနများဖြင့် ဖွဲ့စည်းထားပါသည် –
(က) ဝန်ကြီးရုံး
(ခ) ဌာနများ –
(၁) ဥပဒေများမူကြမ်းစိစစ်ရေးဦးစီးဌာန
(၂) ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန
(၃) တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန
(၄) ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာန
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ရုံးနှင့် ဥပဒေရုံးအဆင့်ဆင့် ဖွဲ့စည်းခြင်း
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ထိရောက်စွာ စီမံခန့်ခွဲဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ရုံးကို အောက်ပါရုံးအဖွဲ့၊ ဌာနများဖြင့် ဖွဲ့စည်းထားရှိသည်-
(က) ရုံးအဖွဲ့၊
(ခ) ဥပဒေများစိစစ်အကြံပြုရေးဌာန၊
(ဂ) အထွေအထွေဥပဒေအကြံဉာဏ်ပေးရေးဌာန၊
(ဃ) တရားစွဲနှင့် အမှုလိုက်ဌာန၊
(င) စီမံရေးရာဌာန။
ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ရုံးတို့၏ကြီးကြပ်မှု အောက်တွင် အောက်ပါဥပဒေရုံးအဆင့်ဆင့်ကို ဖွဲ့စည်းထားရှိသည်-
(က) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း
(၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု မရှိလျှင်
(ကက) ခရိုင်ဥပဒေရုံးများ၊
( ခ ခ ) မြို့နယ်ဥပဒေရုံးများ။
(၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ရှိလျှင်
(ကက) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၌
– ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥပဒေရုံး၊
– ခရိုင်ဥပဒေရုံးများ၊
– မြို့နယ်ဥပဒေရုံးများ။
( ခ ခ ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၌
– ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥပဒေရုံး၊
– မြို့နယ်ဥပဒေရုံးများ။
( ဂ ဂ ) ကျန်ဒေသများ၌
– ခရိုင်ဥပဒေရုံးများ၊
– မြို့နယ်ဥပဒေရုံးများ။
(ခ) ပြည်ထောင်စုနယ်မြေ၌
(၁) ခရိုင်ဥပဒေရုံးများ၊
(၂) မြို့နယ်ဥပဒေရုံးများ။
(ဂ) ဥပဒေအရတည်ထောင်ထားသော အခြားဥပဒေရုံးများ။