အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားတက်ရောက်

မြစ်ကြီးနား၊ ဇန်နဝါရီလ ၂၃ ရက်

၂၃-၁-၂၀၂၄ ရက်နေ့ ၁၃:၃၀ အချိန် မြစ်ကြီးနားမြို့၊ ကွန်ပျူတာတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားတွင် ကချင်ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား(၁၅၀)ဦးခန့်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ/နည်းဥပဒေများနှင့် စပ်လျဉ်း၍ အသိပညာ ပေးဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)