ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကိုပြင်ဆင်သည့်ဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၀

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ၊   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ၂၃-၇-၂၀၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၂ ဖြင့် ပြဋ္ဌာန်းခဲ့သည်။

အပြီးသတ်ညှိနှိုင်းဆွေးနွေး

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) အား အပြီးသတ် စိစစ်လေ့လာဆွေးနွေးကြပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေတွင် လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရေးအတွက် ဖြည့်စွက်ရန်လိုအပ်သည့် အချက်များ တွေ့ရသဖြင့် ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းသင့်ကြောင်းနှင့် ပြင်ဆင်လိုသည့် ပုဒ်မများကို အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

                                                                                           သတင်းစဉ်