ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဥပဒေရေးရာဝန်ကြီးဌာနှင့် တရုတ်-အာဆီယံ ဥပဒေ ရေးရာ သုတေသနစင်တာတို့အကြားချုပ်ဆိုမည့် ဥပဒေရေးရာပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေးသုတေသန စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့တက်ရောက်

နေပြည်တော်၊ ဇူလိုင်လ ၁၈ ရက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့တွင် ဥပဒေရေးရာဝန်ကြီးဌာနှင့် တရုတ်-အာဆီယံ ဥပဒေရေးရာသုတေသနစင်တာ (China-ASEAN Legal Research Center) တို့အကြား ချုပ်ဆိုမည့် ဥပဒေရေးရာပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေးသုတေသနစီမံကိန်းဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဇူလိုင် ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ရာ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး နှင့် ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဒေါက်တာသီသီမြင့် ၊ ဦးကျော်ကျော်နိုင်တို့ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အနောက်တောင်ပိုင်း နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ် (Southwest University of Political Science and Law) မှ ပါမောက္ခချုပ်...

ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Dr.Nikolay Listopadov အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Dr.Nikolay Listopadov အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၂၈ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Dr.Nikolay Listopadov အား ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးသည် ရုရှား-မြန်မာ ကောင်းမွန်သည့် ဆက်ဆံရေးထူထောင်နိုင်ရန် ကြိုးစားနိုင်ခဲ့ခြင်းကြောင့် ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်အပ်နှင်း ခြင်း ခံရမှုအတွက် မိမိအနေဖြင့် ဂုဏ်ယူဝမ်းသာရကြောင်း၊ မိမိရုံး အနေဖြင့် ရုရှား-မြန်မာ ဆက်ဆံရေးကဏ္ဍတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့ အကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိအနေဖြင့် ၂၀၂၂ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် ရုရှားနိုင်ငံတွင်...

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်- မတ် ၂၂ နေဥပ‌ဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် Mr.Igor KRASNOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၀၉း၃၀ နာရီအချိန်က နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီး ဌာန၊ သံတမန်ခန်းမတွင် လက်ခံတွေ့ဆုံသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် Mr.Igor KRASNOV ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၏ ယခုခရီးစဉ်သည် ၂၈-၆-၂၀၂၂ ရက်နေ့မှ ၁-၇-၂၀၂၂ ရက်နေ့ထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာဇဘတ်မြို့တွင် ကျင်းပသည့် ၁၀ ကြိမ်မြောက် စိန့်ပီတာဇဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေ ရေးရာဖိုရမ်(10th St. Petersburg International Legal Forum) သို့ တက်ရောက်နိုင်ရန်...

(၄၃) ကြိမ်မြောက် အာဆီယံ ဥပဒေပညာရှင်များအသင်း အုပ်ချုပ်မှုကောင်စီ အစည်းအဝေး (43rd ALA Governing Council Meeting) သို့ အာဆီယံဥပဒေပညာရှင်များအသင်း (မြန်မာ) ဥက္ကဋ္ဌ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

နေပြည်တော်၊ အောက်တိုဘာ ၃ ရက်       အာဆီယံဥပဒေပညာရှင်များအသင်း-အင်ဒိုနီးရှား (ALA-Indoneisa) က Hybrid စနစ်ဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒေါင်းမြို့တွင် လက်ခံကျင်းပသည့် (၄၃) ကြိမ်မြောက် အာဆီယံ ဥပဒေ ပညာရှင်များအသင်း အုပ်ချုပ်မှုကောင်စီ အစည်းအဝေးသို့ အာဆီယံဥပဒေပညာရှင်များအသင်း ဥက္ကဋ္ဌ၊ စင်္ကာပူနိုင်ငံ တရားသူကြီးချုပ် H.E. Sundaresh Menon နှင့် အာဆီယံ ဥပဒေ ပညာရှင်များအသင်း-အင်ဒိုနီးရှား၏ ဥက္ကဋ္ဌဖြစ်သူ တရားသူကြီးချုပ် H.E. Muhammad Syarifuddin တို့၏ ဖိတ်ကြားချက်အရ အာဆီယံ ဥပဒေပညာရှင်များအသင်း (မြန်မာ) ဥက္ကဋ္ဌ၊ ဥပဒေရေးရာဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့်...

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဥပဒေအသိပညာပြန့်ပွားရေးဌာန Legal Advocacy Center  သင်တန်းခန်းမဆောင်နှင့် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦ RCC(၃)ထပ်ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနား တက်ရောက်

နေပြည်တော် ဩဂုတ်  ၂၁           နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေ အသိပညာပြန့်ပွားရေးဌာန Legal Advocacy Center သင်တန်းခန်းမဆောင်နှင့် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦ RCC (၃)ထပ် အဆောက်အဦ ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၈)နာရီတွင် ကျင်းပပြုလုပ်ရာ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးဌာနသည် ယခင်ဆောင်ရွက်ဆဲ စီမံချက်တစ်ရပ်ကို ဆက်လက်ဆောင်ရွက်ခြင်းဖြစ်ပြီး...

၄၂ ကြိမ်မြောက် အာဆီယံဥပဒေပညာရှင်များအသင်း အုပ်ချုပ်မှုကောင်စီ (42nd ALA Governing Council) အစည်းအဝေး သို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

နေပြည်တော်၊  နိုဝင်ဘာလ  ၁၁  ၄၂ ကြိမ်မြောက် အာဆီယံ ဥပဒေပညာရှင်များအသင်း (42nd ALA Governing Council) အစည်းအဝေးအား နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ အစည်းအဝေး သို့ ဥပဒေရေးရာဝန်ကြီးဌာနမှ အာဆီယံ ဥပဒေပညာရှင်များအသင်း(မြန်မာ) ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်၍ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးနှင့် ဒုတိယရှေ့ချုပ် ဦးစန်းလွင်၊ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်၊ တွဲဖက်အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆွေဆွေအောင်နှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး၊ ရန်ကုန်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ခင်ချစ်ချစ်၊ ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနမှ...

(၁၁)ကြိမ်မြောက် အာဆီယံ ဥပဒေရေးရာဝန်ကြီးများ အစည်းအဝေး(ALAWMM)သို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

(၁၁)ကြိမ်မြောက် အာဆီယံ ဥပဒေရေးရာဝန်ကြီးများ အစည်းအဝေး(ALAWMM)သို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော်၊ အောက်တိုဘာလ ၂၇           (၁၁) ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်းအဝေး (ALAWMM)အား အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပရာ အဆိုပါအစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး က  ဆွေးနွေးတင်ပြရာ၌ မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် အလျောက် အာဆီယံ ပဋိညာဉ် စာတမ်းကို အလေးထားလိုက်နာပြီး ပဋိညာဉ် စာတမ်းပါ တာဝန်ရှိမှုများကို လေးစားလိုက်နာ ဆောင်ရွက်လျှက်ရှိပါကြောင်း၊ အာဆီယံ အသိုက်အဝန်း တည်ဆောက်ခြင်းနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ခြင်းများကို အောင်မြင်စေရန် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်အတူ...

14th United Nations Congress on Crime Prevention and Criminal Justice သို့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

14th United Nations Congress on Crime Prevention and Criminal Justice သို့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော်၊ မတ် ၇ ရက် ဂျပန်နိုင်ငံ၊ ကျိုတိုအပြည်ပြည်ဆိုင်ရာညီလာခံစင်တာ၌ ယနေ့ကျင်းပသော 14th United Nations Congress on Crime Prevention and Criminal Justice သို့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် video conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။ ညီလာခံသို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပညာရှင်များ ပါဝင်တက်ရောက်ခဲ့ ကြပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြစ်မှုဆိုင်ရာ တရားမျှတမှုတွင် ကြုံတွေ့နေ ရသည့် စိန်ခေါ်မှုများနှင့် ဘက်ပေါင်းစုံချဉ်းကပ်မှု၊ တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန် ရေးဆိုင်ရာ...

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာဦးက ဒုတိယအကြိမ်မြောက် Myanmar- EU Economic Forum တွင် ပါဝင်ဆွေးနွေး

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာဦးက ဒုတိယအကြိမ်မြောက် Myanmar- EU Economic Forum တွင် ပါဝင်ဆွေးနွေး

နေပြည်တော်၊ ဇွန် ၆     ဒုတိယအကြိမ်မြောက် Myanmar- EU Economic Forum ၂၀၁၈ ကို ၆.၆.၂၀၁၈ ရက်နေ့တွင် နေပြည်တော်၊ Kempinski Hotel တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ​ဒေါက်တာသီတာဦးနှင့်အတူ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ရေဝတာနှင့် ဒေါက်တာ ကေသီအေးတို့လည်း တက်ရောက် ခဲ့ကြပါသည်။ အဆိုပါ ဖိုရမ်၏ Panel – 11 , Legal Section တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ​ဒေါက်တာသီတာဦးက Panellist အဖြစ် ဝင်ရောက်ဆွေးနွေးရာ၌ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအပါအဝင် စီးပွားရေး ဥပဒေများ...

ရုပ်ရှင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အပြီးသတ် ညှိနှိုင်းအစည်းအဝေးကျင်းပ

ရုပ်ရှင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အပြီးသတ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မေ ၁၄ ရုပ်ရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အပြီးသတ် ညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဥပဒေမူကြမ်း စိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်း၊  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။    အပြီးသတ်ညှိနှိုင်းဆွေးနွေး အစည်းအဝေးတွင် လမ်းညွှန်ချက်နှင့်အညီ ရုပ်ရှင်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ (မူကြမ်း) အား အပြီးသတ်...